ကျောက်ဆည် ၂ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄)စုမှ၊ အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး(၇)ဦး စုစုပေါင်း(၁၈)ဦးအတွက် တစ်ကိုယ်ရည်ကျန်းမာရေးသုံး ပစ္စည်းများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ယနေ့ မွန်းလွဲ ၃ နာရီက ထောက်ပံ့ပေးပို့ခဲ့ကြောင်း သိရသည်။
တစ်ကိုယ်ရည် ကျန်းမာသုံးပစ္စည်းများ ထောက်ပံ့ရာတွင် လူတစ်ဦးစာအတွက် ရေသန့်ပုံး(၁)ပုံး၊ ရေဆွဲပုံး(၁)ပုံး၊ လက်သည်းညှပ်(၁)ချောင်း၊ အမျိုးသမီးလစဉ်သုံးပစ္စည်း(၂)ထုပ်၊ သွားတိုက်တံ(၅)ချောင်း၊ သွားတိုက်ဆေး(၅)ဘူး၊ မျက်နှာသုတ်ပဝါ(၅)ထည်၊ ကိုယ်တိုက်ဆပ်ပြာ(၅)ခဲ၊ ဆပ်ပြာခွက်(၅)ခွက်၊ အဝတ်လျှော်ဆပ်ပြာ(၅)တောင့်၊ အိမ်သာသုံးစက္ကူ(၃)လိပ်၊ လက်သုပ်ပဝါတစ်ထည်၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ ထုပ်ခေါင်းလျှော်ရည်(၁)ဘူး၊ သောက်ရေခွက်(၂)ခွက်၊ ခေါင်းဘီး(၁)ချောင်း၊ မှန်(၁)ချက်၊ ရေသန့်ဆေးပြား(၃)ထုပ်၊ မုတ်ဆိတ်ရိတ်ဓား(၅)ချောင်း စုစုပေါင်း ပစ္စည်းတန်ဖိုး ငွေကျပ် ၂၈၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၅၀၄၀၀၀ ဖြစ်ပြီး တစ်ကိုယ်ရည်သုံး ပစ္စည်းများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်နိုင်ဦးနှင့် တာဝန်ရှိသူများက မီးဘေးသင့်အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင် (ခရိုင် ပြန်/ဆက်)


