စစ်တွေ ၂ စက်တင်ဘာ
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပရဟိတအသင်းနှင့် အလှူရှင်များမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ရောဂါကာကွယ်ရေးပစ္စည်းများကို ယနေ့ညနေပိုင်းတွင် ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် “ဇေယျာမောင်မယ်ပရဟိတအသင်း” (စစ်ကိုင်း)မှ ငွေကျပ် ၆,၈၄၉,၀၀၀ ကျပ်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့နေ ဒေါ်တင်မေနှင့် သားသမီးများ “Star Empire Yangon” မိသားစုတို့မှ ငွေကျပ် ၃,၁၅၁,၀၀၀ တန်ဖိုးရှိ Bedside Monitor တစ်လုံးတို့အား ပေးပို့လှူဒါန်းကြကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးထောက်ပံ့ပစ္စည်းများကို အလှူရှင်များကိုယ်စား ပြည်နယ်၀န်ကြီးချုပ် ဦးညီပုကပေးအပ်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး၀န်ကြီးနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး၀န်ကြီးတို့မှ လက်ခံခဲ့ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


