မြိတ် ၂ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကွန်ပျူတာတက္ကသိုလ် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား (၃၆)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးမရှိ၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေရပ်အသီးသီးသို့ မော်တော်ယာဉ်ဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြသည်။

 

အဆိုပါနေရပ်ပြန်များမှာ ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှ ကော့သောင်းမြို့သို့ ရောက်ရှိလာကြပြီး မြိတ်မြို့သို့ ဩဂုတ် ၂၄ ရက်၌ ရောက်ရှိလာကြရာ ကွန်ပျူတာတက္ကသိုလ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြောင်း၊ ဩဂုတ် ၂၈ ရက်တွင် ဓာတ်ခွဲနမူနာရယူ၍ မော်လမြိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဓာတ်ခွဲခန်းသို့  ပို့ဆောင်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)