နေပြည်တော် ၂ စက်တင်ဘာ
ယနေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၇၆ ဦး ထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၉၉၅ ဦးရှိသွားပြီဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူ ၉၉၅ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၅၉ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ ၃၄၈ ဦးနှင့် စက်တင်ဘာ ၁ ရက် မွန်းတည့် ၁၂ နာရီမှ စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၈၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်


