အေသင် ၃ စက်တင်ဘာ
ဂရိနိုင်ငံ၏ အကြီးဆုံးဒုက္ခသည်စခန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိခဲ့ ကြောင်း ဂရိအာဏာပိုင်များက ယနေ့ပြောကြားခဲ့သည်။
အဆိုပါ ဗိုင်းရပ်စ်ကူးစက်ခံရသူသည်အသက်၄၀အရွယ် ဆိုမာလီယာနိုင်ငံသားတစ်ဦးဖြစ်ပြီး လီစ်ဘိုစ်ကျွန်းပေါ်ရှိ မိုရီယာဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးဖြစ်သည်။
၎င်းထံတွင် ဗိုင်းရပ်စ်ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် အချိန်မှစပြီး ၎င်းနေထိုင်ရာ ဒုက္ခသည်စခန်းကိုအသွားအလာကန့်သတ်ချက်များ စတင်လုပ်ဆောင်ထားလျက်ရှိကြောင်း ဂရိရွှေ့ပြောင်းလုပ်သားနှင့် နိုင်ငံရေးခိုလှုံခွင့်ဆိုင်ရာ ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆိုမာလီယာနိုင်ငံသားသည် ဂရိနိုင်ငံ လီစ်ဘိုစ် ဒုက္ခသည်စခန်းတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံခဲ့ပြီးနောက် လီစ်ဘိုစ်ကျွန်းမှ ဇူလိုင် ၁၇ ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ သို့သော် မကြာမီအချိန်တွင် လီစ်ဘိုစ်ကျွန်းသို့ြ ပန်လည်ရောက်ရှိလာခဲ့သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိကြောင်း သိရသည်။
လီစ်ဘိုစ်ကျွန်းပေါ်ရှိ မိုရီယာဒုက္ခသည်စခန်းကို ဒုက္ခသည် ၂၇၅၇ ဦးနေထိုင်ရန် တည်ဆောက်ထားခဲ့သော် လည်း ယခုအချိန်တွင် ဒုက္ခသည် ၁၂၇၁၄ ဦးသာနေထိုင် လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဂရိနိုင်ငံရှိ အေဂျီယန်ကျွန်းစု ဒုက္ခသည်စခန်းများ၌ ရွှေ့ပြောင်းဒုက္ခသည် ၂၇၅၇၆ ဦးရှိပြီး ဂရိနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံထားသူ တစ်သိန်း ခန့်ရှိကြောင်း သိရသည်။
၂၀၁၅ ခုနှစ်မှ စတင်ကာ ဒုက္ခသည်တစ်သန်းကျော်သည် ဂရိနိုင်ငံသို့ရောက်ရှိလာခဲ့သည်။ ၎င်းတို့အနက်ထက်ဝက်ခန့် သည် လိစ်ဘိုစ်ကျွန်းဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိပြီး ကျန်ဒုက္ခသည်များသည် ဥရောပနိုင်ငံများသို့ သွားရောက် နေထိုင်လျက်ရှိကြသည်။
ဂရိနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၅၂၄ ဦးရှိပြီး သေဆုံးသူ၂၇၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက် - ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်