ရှမ်းရွာသစ်   ၃  စက်တင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မိခင်နှင့်ကလေးသူငယ်များ အာဟာရဆိုင်ရာ ရလဒ် များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အားဖြစ်စေမည့် ဝန်ဆောင်မှုများအား  မိသားစုများ ရရှိစေရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းတွင် ကိုယ်ဝန်ဆောင်မိခင် များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခြင်းကို ကွီးလေးကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါထောက်ပံ့ငွေများကို ကွီးလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအအထိ ကွီးလေးကျေးရွာအုပ်စုရှိ  ကိုယ်ဝန်ဆောင်မိခင် (၆၄) ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်(၁၄၂)ဦး၊  ဇူလိုင်လမှ စက်တင်ဘာအထိ ကိုယ်ဝန်ဆောင်မိခင် (၃၄) ဦးနှင့် အသက်(၂)နှစ်အောက် ကလေး(၁၀၃)ဦးတို့အတွက် တစ်လလျှင် ကျပ် ၁၅၀၀၀ နှုန်းဖြင့် (၆)လစာကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)