၃ စက်တင်ဘာ
အီဂျစ်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၅ ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် ၂၁ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၉၂၈၀ ရှိပြီး ယင်းရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၅၄၆၁ ဦး ရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသဖြင့် ကုသမှုခံယူပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူပေါင်း ၇၉၈ ဦး ရှိရာ ၎င်းတို့အားလုံး ဆေးရုံများမှ ဆင်းသွားပြီဖြစ်ကြောင်းနှင့် ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၇၄၆၂၆ ဦး ရှိကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီဂျစ်နိုင်ငံတွင် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှုနှုန်းမှာ ကူးစက်ခံရသူ စုစုပေါင်း ၇၅ ရာခိုင်နှုန်း ရှိသည်။
အီဂျစ်နိုင်ငံသည် လူဦးရေ အထူထပ်ဆုံးသော နိုင်ငံဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် ထိုရောဂါ ကူးစက်ခံရမှုကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပွားခဲ့သည်။
အီဂျစ်နှင့် တရုတ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးတွင် ဆေးဝါး အကူအညီနှင့် ကျွမ်းကျင်မှုများ ဖလှယ်ခြင်းတို့ကို အတူလက်တွဲ လုပ်ဆောင်ကြသည်။
ဖေဖော်ဝါရီလ အစောပိုင်းက အီဂျစ်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို