ဇလွန် ၃ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက်ဈေးရောင်းဝယ်ကြသူများတွင် Mask တပ်ဆင်မှု ရှိ ၊ မရှိကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက နေ့စဉ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လိုက်လံစစ်ဆေးရာတွင် ဇလွန်မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ကြသူများ ဈေးသို့လာသည့်အခါတိုင်း Mask တပ်ဆင်မှု ရှိစေရေးတို့ကို နေ့စဉ်အရှိန်အဟုန်မြှင့် လှည့်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဇလွန်(ပြန်/ဆက်)


