တွံတေး ၃ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ဝါတွင်းကာလ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား မြို့ပေါ်(၈)ရပ်ကွက်မှ ပြည်သူများက အရုဏ်ဆွမ်းများ နေ့စဉ်လောင်းလှူလျက်ရှိရာ ယမန်နေ့က ကြည်မြင့်တိုင်မြို့နယ်၊ တော်ဝင်လမ်းနေ သုဓမ္မမဏီဇောတဓရ ဦးဝင်း+ဒေါ်သိန်း သားသရုပ်ဆောင် နေမင်းခ မိသားစုမှလှူဒါန်းခဲ့ကြောင်း သိရသည်။
တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၈၀)မှ သံဃာတော်အပါး(၁၀၀၀)ကျော်နှင့် သီလရှင်ဆရာကြီး ဆရာလေး အပါး(၃၀၀)ကျော်တို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားချက်နှင့်အညီ အရုဏ်ဆွမ်းလောင်းလှူခြင်း၊ ဘုန်းတော်ကြီးကျောင်း(၈၀)ကို တစ်ကျောင်းလျှင် ဆန်တစ်အိတ်၊ ဆီ(၅)ပိသာဆား(၃)ပိသာ၊ ကြက်သွန်နီ(၅)ပိသာတို့ကို လှူဒါန်ခဲ့ပြီး ပရိယတ္တိစာသင်တိုက်(၄)တိုက်၊ သီလရှင် စာသင်တိုက် (၂) တိုက်နှင့် ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတ မိဘမဲ့ဘုန်းတော်ကြီးကျောင်းများသို့ တစ်ကျောင်းလျှင် ဆွမ်းဆန်(၅)အိတ်စီနှင့်ရေသန့်ဘူးများ ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)


