သာယာဝတီ ၃ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီးတွင် မြစ်မခမြစ်ရေ တိုက်စားပြီး ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် သာယာဝတီမြို့နယ်၊စံရွေးကျေးရွာအုပ်စု၊စံရွေးကျေးရွာမှ နေအိမ် ၁၀ လုံးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဟောင်း၌ ပေးအပ်ခဲ့သည်။
အဆိုပါကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၁၀ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀) သိန်းကျပ်၊ လူဦးရေ(၄၀) အတွက်ဆန်ဖိုးငွေကျပ် (၈၄၀ဝ၀)၊စုစုပေါင်းငွေကျပ် ၁၀၈၄၀ဝ၀ နှင့် ပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု(၁၀)စုအတွက် ထောက်ပံ့ငွေကျပ် ၁၈၅၁၀ဝ)တို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)


