၃ စက်တင်ဘာ
ပီရူးနိုင်ငံက နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ပျံသန်းမှာ ဖြစ်သလို နယ်စပ်ဂိတ်တွေကို အဲဒီနေ့မှာပဲ ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာသွားပါတယ်။
သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ကာလို့စ် အက်စတန်းမာဒိုရိုက နိုင်ငံတကာ လေကြောင်း ခရီးစဉ်တွေကို ကန့်သတ်ထားတဲ့ လေယာဉ်အတွက် နိုင်ငံအချို့ကို ပြေးဆွဲသွားမှာဖြစ်ကြောင်း၊ ဉပမာ အမေရိကန်၊ မက္ကဆီကို၊ စပိန်နဲ့ ချီလီနိုင်ငံတွေ ဖြစ်တယ်လို့ ပြောပါတယ်။
လက်တင်အမေရိက နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ ဘရာဇီးနိုင်ငံကို လေယာဉ်တွေ ပျံသန်းဖို့ဆိုတာ အစိုးရ အနေနဲ့ လေ့လာနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။
ခရီးသည်တွေ အားလုံးက လေယဉ်ပေါ် မတက်မီ ကိုရိုနာ ဗိုင်းရပ်စ် စစ်ဆေးဖို့ လိုအပ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ပီရူးအစိုးရက ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကျဆင်းသွားရင် နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးမယ်လို့ ပြောပါတယ်။
ပီရူးနိုင်ငံမှာ ဩဂုတ်လလယ်ပိုင်းက ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပေမယ့် ပြီးခဲ့တဲ့ သုံးပတ်က ဗိုင်းရပ်စ်ပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် ကျဆင်းခဲ့ပါတယ်။
မတ်လလယ်က စပြီး ပီရူးနိုင်ငံရဲ့ နယ်စပ်တွေ ပိတ်ခြင်း၊ လေယာဉ်တွေ ရပ်ဆိုင်းခြင်းနဲ့ နိုင်ငံမှာလည်း ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေကို စက်တင်ဘာ လကုန်အထိ တိုးမြှင့်ကြောင်း ဩဂုတ် ၂၈ ရက်နေ့က ကြောညာထားပါတယ်။
လူဦးရေ ၃၃ သန်း နေထိုင်တဲ့ ပီရူးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၆၀,၀၀၀ ရှိပြီး သေဆုံး ၂၉,၀၀၀ ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP
