ထန်းတပင် ၃  စက်တင်ဘာ 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း COVID-19 ရောဂါကူးစက်ပြန့်နှံမှုများမရှိ စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်အတွင်းရှိ စောင့်ကြည့်လူနာများအား သီးခြားနေထိုင် စောင့်ကြည့်မှုများ ပြုလုပ်သွားနိုင်ရေးအတွက် အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်းကို Base Community Quarantine Centre အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းကို Base Community Quarantine Centre အဖြစ် ဆောင်ရွက် သွားနိုင်ရေး မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

ကြည့်ရှု့စစ်ဆေး ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေး၊ လက်ထောက်မြို့နယ် ပညာရေးမှူးများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်မြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သီးခြားနေထိုင်စောင့် ကြည့်မှုများ ပြုလုပ်သွားမည့် စာသင်ကျောင်းဆောင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင် ရေးအတွက်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထန်းတပင်မြို့နယ်အတွင်းမှာ COVID-19 ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေးအတွက် ကြိုတင် ကာကွယ်သည့် အနေဖြင့် မြို့နယ်အတွင်းက ပြည်တွင်း၊ ပြည်ပကစောင့်ကြည့်ရမည့်သူတွေကို လိုအပ်တဲ့ အချိန်မှာ Quarantine ထားရှိနိုင်ဖို့အတွက်ဆိုပြီးတော့ အခုလိုကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေဆောင် ရွက်နေတာပါ၊ အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းမှာတော့ စောင့်ကြည့်ဦးရေ အနေနဲ့ကတော့ လောလောဆယ်(၅၀)ထားရှိဖို့သတ်မှတ်ထားပါတယ်ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးရဲလင်းနိုင်က ပြောသည်။

 

ဇင်မင်းထိုက်(ပြန်/ဆက်)