မန္တလေး ၃ စက်တင်ဘာ 

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ ကမ်ပိန်းပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာ ရပ်ကွက်၊ ၈၆ လမ်း၊ ၁၂ လမ်းနှင့် ၁၃ လမ်း ကြား၌ ပြုလုပ်ကြသည်။

 

အဆိုပါ ကမ်ပိန်းပြုလုပ်ရာသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တိုင်းတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ ဦးစီးမှူး (ဒုတိယတန်း) ဦးသန်းထွန်း (စီမံ)၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး တင်မိုးအောင်နှင့် တပ်ခွဲမှူး၊ ဒုတိယတပ်ခွဲ့မှူး၊ တပ်စုမှူး၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအား COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပိုစတာများ ကပ်ထားခြင်းနှင့် နှာခေါင်းစည်း(Mask) အခု ၂၅၀၀တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

 

ဇော်လင်းဦး(အောင်စံ)