ပြင်ဦးလွင် ၃ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် မဲတော်ကျေးရွာအုပ်စု မဲတောကျေးရွာသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးခြင်း မီးလင်းရေးအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကိုဗစ်-၁၉ ရောဂါ ကန့်သတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးနောင်ဘိုဘိုလင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား စတင်ပို့လွှတ်ခြင်း မီးလင်းရေးအထိမ်းအမှတ် ထရန်စဖော်မာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက အထိမ်းအမှတ် ကမ္ပည်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ယခုဖွင့်လှစ်သော မဲတောကျေးရွာအပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်း နိုင်ငံတော်ဓာတ်အားလိုင်းမှ ကျေးရွာပေါင်း (၁ဝဝ)တို့ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
မောင်မောင်မျိုး


