၃ စက်တင်ဘာ

အာရှမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ တစ်သိန်းကျော်သွားကြောင်း စက်တင်ဘာ ၃ ရက် ထုတ်ပြန်တဲ့ သတင်းအရ သိပါတယ်။

 

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၅,၄၂၀,၈၀၃ ဦးထဲမှာ သေဆုံးသူ ၁၀၀,၆၆၇ ဦး ရှိပြီး ၄,၂၅၅,၇၆၀   ပြန်လည် ကျန်းမာလာကြောင်း သက်ဆိုင်ရာရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အိန္ဒိယနိုင်ငံဟာ အာရှမှာ သေဆုံးသူ အများဆုံးဖြစ်ပြီး စုစုပေါင်းသေဆုံးသူရဲ့ လေးပုံသုံးပုံ နီးပါးဟာ အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃,၈၅၃,၄၀၆ ဦးမှ သေဆုံးသူ ၆၇,၃၇၆ ဦး ရှိပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ နောက်မှာ အင်ဒိုနီးရှားနိုင်ငံရှိပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၀,၆၄၆ ဦးမှ ၇,၆၁၆ ဦး သေဆုံးပါတယ်။ အဲဒီနောက် တတိယအများအဆုံး နိုင်ငံဖြစ်တဲ့  ပါကစ္စတန်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၉၇,၀၁၄ ဦးမှ သေဆုံးသူ ၆,၃၂၈ ဦး ရှိကြောင်း သိရပါတယ်။

 

အာရှမှာ ပြီးခဲ့တဲ့ သီတင်းပတ်က နေ့စဉ်  ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၉၀,၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁,၂၀၀ ဦး ပျမ်းမျှ ရှိတာကိုတွေ့ရပါတယ်။  အဲဒီပမာဏဟာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၁ ရာခိုင်နှုန်း တိုးပြီး သေဆုံးသူဟာ ၆ ရာခိုင်နှုန်း တိုးတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

MDN

ကိုးကား-AFP