လောင်းလုံး ၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးအစီအစဉ်ဖြင့် စက်ရုံ၊အလုပ်ရုံများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုကို ယနေ့ နံနက် ၈ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်မှုများကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ လူစုလူဝေးနေရာများဖြစ်ကြ သည့်စက်ရုံ၊အလုပ်ရုံများတွင် နှာခေါင်းစည်း(Mask)များတပ်ဆင် လာကြသောကြောင့်ရောဂါ ကူးစက်ပြန့်ပွားမှုများမရှိစေရန် ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်ဌေးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းပြီး လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာ အတွင်းရှိ သီဟိုဠ်စေ့ခွဲအလုပ်ရုံများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်းမာရေးဝန်ကြီးဌာ၏ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
လောင်းလုံး(ပြန်/ဆက်)


