မော်လမြိုင် ၃ စက်တင်ဘာ
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ (CERP) ၏ Action Plan အစီအစဉ်အရ ငါးမွေးတောင်သူများအား ငါးသားပေါက်ထောက်ပံ့ခြင်း အခမ်းအနားအား ယနေ့နံက် ၉:၃၀ နာရီတွင် မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးတွင် ပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားကာ ငါးသားပေါက်များအား ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်နယ်ငါး လုပ်ငန်းစခန်း (သထုံ)မှ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁၀၉၇၃၈)အား ငါးမွေးတောင်သူ ၅ ဦး၏ ငါးမွေးကန် ၅၄.၈၆၉ ဧကအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
MDN


