မကွေး ၃ စက်တင်ဘာ
မကွေးတိုင်ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယမန်နေ့နံက် ၇ နာရီခွဲတွင်၊ ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝရေလှောင်တမံ၌ ကျင်းပ ပြုလုပ်ရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းစိုက်မွေးကြီး ဦးဝင်းမော်ဌေး၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းတို့က အဖွင့်အမှာစကား ပြောကြားပြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးမြင့်ရွှေက ငါးမျိုးစိုက်ထည့်ရခြင်း ရည်ရွယ်ချက်များကို ရှင်လင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မယ်ဇလီကျေးရွာ အ.ထ.က သိပ္ပံခန်းအတွက် ကျပ်ငွေ သိန်း ၅၀ ကို ကျောင်းအုပ်ဆရာမကြီးသို့ ပေးအပ်ခဲ့ပါသည်။ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ကြီးအုံကြီးဝရေလောင်တမံအတွင်းသို ငါးမြစ်ချင်းသားပေါက် ၂ သိန်းနှင့် ငါးခုံးမကြီးသားပေါက် ၁ သိန်းခွဲ၊ စုစုပေါင်းငါးသားပေါက် ၃ သိန်းခွဲကို မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
MDN


