လှိုင်းဘွဲ ၄ စက်တင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
သာယာကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန သားဖွားဆရာမ ဒေါ်ခင်ခင်ဌေးက မွေးစမှ အသက် (၂)နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို (၃)ရက်ဆက်တိုက် ဆောင်ရွက်ပေးမှာဖြစ်ပြီး ဒီကနေ့တွင် ကလေးငယ်(၈၅)ဦးအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ခင်စန်းမြင့် (ပြန်/ဆက်)


