သထုံ ၄ စက်တင်ဘာ    

မွန်ပြည်နယ်၊ သထုံမြို့ရှိ သထုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များနှင့် မိသားစုဝင်များ နားနေရန် အဆင်ပြေစေရေးအတွက် နိုင်ငံတော်ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့သည့် လူနာစောင့် နားနေဆောင်ဖွင့်ပွဲကို စက်တင်ဘာလ ၄ ရက်၊ နံနက် ၁၀ နာရီက အဆိုပါအဆောင်သစ်ရှေ့၌ ကျင်းပသည်။

 

လူနာစောင့်နားနေဆောင် အသစ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်နှင့် သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တက်ရောက်ကြသူတို့က အဆောင်သစ်အား လိုက်လံကြည့်ရှုခဲ့ကြသည်။

 

အဆိုပါနားနေဆောင်သစ်မှာ ပေ ၅၀ ပတ်လည်ကျယ်ဝန်းပြီး ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရံပုံငွေဖြင့် ငွေကျပ် သိန်း ၈၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သထုံခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိထံမှ သိရသည်။

သက်ဦး(သထုံ)