နေပြည်တော် ၄  စက်တင်ဘာ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် စက်တင်ဘာ ၄ ရက်နေ့မနက် ၁၀ နာရီက နေပြည်တော် တပ်ကုန်းမြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဆွေး‌နွေးဟောပြောချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၆  ရက်နေ့မှ စတင် ရိုက်ကူးသွားမည်ဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ရိုက်ကူးမည့်အခန်းနှင့် ရိုက်ကူး‌ရေးအဖွဲ့များ စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ဆွေးနွေးဟောပြောမည့် ကိုယ်စားလှယ် လာရောက်ချိန်တွင် စနစ်တကျ ကြို/ပို့မည့် အစီအစဉ်နှင့် ခတ္တနားနေမည့်နေရာများကို ကျန်းမာရေးနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

#MRTV