ညောင်တုန်း ၄ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ ခဲ့ရသည့် နေအိမ် (၂)လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ မွန်းလွဲ ၃ နာရီက အမှတ် (၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ညောင်တုန်းမြို့၊ အမှတ် (၄)ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား ၂၅ ပေ၊ အနံ ၂၅ ပေပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ၂၁၀၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ၂၀၀၀၀၀ ကျပ် စုစုပေါင်း ၂၂၁၀၀၀ ကျပ်တို့အား ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံ၊ မြို့နယ်မီးသတ်ဉီးစီးမှူး ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


