နတ်မောက်  ၄ စက်တင်ဘာ

 

နတ်မောက်မြို့နယ် ကျေးရွာများရှိ ဝင်ငွေနည်းအိမ်ထောင်စုများအား KBZ BANK နှင့် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ငွေတစ်သောင်းကျပ်ကို သွားရောက်ထောက်ပံ့       လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုတွင် KBZ BANK နှင့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ၏ ကိုယ်စား နတ်မောက်ကွန်ရက်ပရဟိတ လူမှုအကျိုးပြုအသင်းက သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ဆန်()ပြည်၊ ဆီ()ဘူး ဆား()ထုပ်၊ ကုလားပဲ()ဘူးနှင့် ငွေတစ်သောင်းကျပ်ကို အိမ်ထောင်စု (၅၀)စုအတွက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)