မိုးနဲ ၄ စက်တက်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ နမ့်စလိုင်ချောင်းရေ တိုက်စားမှုကြောင့် တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် ပြန်လည်ပြုပြင်နေမှုကို ယမန်နေ့က လင်းခေးခရိုင် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် လင်းခေးခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ မိုးနဲမြို့နယ် စီမံခန်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ တာရိုးခိုင်ခန့်စေရေးအတွက် တာရိုးကျိုးပေါက်သည့်နေရာကို ယာယီမြေသား အမြန်ဆုံး ပြန်လည်ပြုပြင်၍ လိုအပ်သည်များအား တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


