ဂန့်ဂေါ ၄ စက်တင်ဘာ
ဂန့်ဂေါမြို့မဈေး၌ ဟင်းခတ်မှုန့်ရောင်းချရာတွင် ကုန်ညွှန်းအမှတ်အသားများ ဖော်ပြပါရှိခြင်းရှိ မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့မဈေးအတွင်း ဟင်းခတ်မှုန့်များ၊ အလှကုန်များ ရောင်းချကြရာတွင် သတ်မှတ်ထားတဲ့ ကုန်ညွှန်းအမှတ် အသားများ ဖော်ပြပါရှိခြင်းရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းမရှိသည့် ပစ္စည်းများရောင်းချခြင်း မတွေ့ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါမြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေ က ပြောသည်။
ကျော်သန်းဆွေ


