ရန်ကုန် ၄ စက်တင်ဘာ
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု ပြင်ပလူနာဌာနများကို စက်တင်ဘာ ၄ ရက်မှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။ အခြား ဌာနများမှာ ပုံမှန်အတိုင်းဖြစ်ကြောင်း၊ အရေးပေါ် လူနာများကိုလည်း ပုံမှန်အတိုင်းကုသပေးမည်ဖြစ်ကြောင်း Yangon General Hospital ဖေ့ဘုတ် စာမျက်နှာမှ သိရသည်။
ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
#Yangon General Hospital


