ဝန်းသို  ၄ စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် မြင်သာကုန်းကျေးရွာနှင့် မော်နိုင်းကျေးရွာတို့တွင် လုပ်ငန်းများရာ နှုန်းပြည့်ပြီးစီးပြီး ဖြစ်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် စီမံကိန်းတာဝန်ခံတို့က ယနေ့နံနက်ပိုင်းတွင် အပြီးသတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ မြင်သာကုန်းကျေးရွာနှင့် မော်နိုင်းကျေးရွာတို့တွင် Cash For Work စီမံကိန်းဖြင့် ရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်း၊ ကွန်းကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကော်မတီဝင်များ နေ့စဉ်ပြုစုရမည့်စာရင်းဇယားများ၊ လစဉ်ပြုစုတင်ပြရမည့် စာရင်းဇယားများနှင့် နေ့စဉ်လုပ်အားခ ပေးချေမှုမှတ်တမ်းများ စသည့်စာရင်းဇယားများ ပြုစုထားရှိမှုများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်တွင် Cash For Work စီမံကိန်းကို မြင်သာကုန်းကျေးရွာ၊ မော်နိုင်းကျေးရွာ၊ သဖန်းဆိပ်ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ လေးရွာကျေးရွာ၊ အရှေ့စက်ကျေးရွာ စသည့်ကျေးရွာ (၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးခဲ့သည့်ကျေးရွာ(၂)ရွာ ရှိပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မွှေးကြူဇင်