ဇီးကုန်း ၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်စက်သုံးဆီ အရောင်းဆိုင်များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီအရောင်းဆိုင်များ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူ များနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ဇီးကုန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရောနှောမှုမရှိစေရေး၊ အချင်အတွယ်မှန်ကန်စေရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ဆောင်ရွက်ထားရှိမှု၊ ရောင်းချခွင့်၊ သိုလှောင်ခွင့် လိုင်စင်များရှိ မရှိတို့ကို စစ်ဆေးခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် တရားဝင်စက်သုံးဆီဆိုင် လေးခုဖွင့်လှစ်ရောင်းချလျက်ရှိပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရောနှောမှုမရှိစေရေးနှင့် အချင်အတွယ် မှန်ကန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


