နောင်ချို ၄ စက်တင်ဘာ
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ရှိ မသွန်စွမ်းသူများအား လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဈေးရပ်ကွက်အတွင်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းမော်နှင့် ဌာနဆိုင်ရာများ၊ ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြတ်မိုးအောင်နှင့် တာဝန်ရှိသူများက ဈေးရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများ နေထိုင်ရာသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး နောင်ချိုမြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်စုများအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၆၆၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ် သွားမည်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို ပြန်/ဆက်)


