မလှိုင်  ၄ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းအောင်မှ အမှာစကားပြောကြားကာ မိတ္ထီလာခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး  ဦးသန်းလှိုင်မှ ပုံစံ ၇ ထုတ်ပေးရခြင်းနှင့် ပတ်သတ်၍ သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းပြောကြားပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု ပုံစံ ၇ လက်မှတ်များကို ပေးအပ်ခဲ့သည်။

 

မလှိုင်မြို့နယ်ရှိ  ကျေးရွာအုပ်စုပေါင်း (၃၀)မှ လယ်ယာမြေဧက (၁၆၅၈ ဒသမ ၆၄) ဧကအား ဦးပိုင်များ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ဦးပိုင် (၉၄၅)ခုအား တောင်သူပေါင်း (၇၀၉) ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်ကာ လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ ချပေးသည့်ကွင်းပေါင်း (၁၆၉) ကွင်းရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ဘိုဘို(မလှိုင်)