၄ စက်တင်ဘာ
သမဝါယမအသင်းများအား လယ်ယာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထုတ်ချေးပေးလျက်ရှိသော Exim Bank ချေးငွေကိစ္စ၊ Daedong လယ်ယာသုံးစက်ကိရိယာများ အရစ်ကျရောင်းချပေးလျက်ရှိသော ကိစ္စများနှင့်ပတ်သက်၍ Video Conferencing စနစ်ဖြင့် သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်သမဝါယမ ဦးစီးဌာနနှင့် သမဝါယမ အသင်းစုချုပ်များမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ ယခု ကိုဗစ်-၁၉ ရောဂါကာလအတွင်း လှုပ်ရှားဆောင်ရွက်နေရသည့် သမဝါယမအသင်းသား တောင်သူများတွင် အခက်အခဲများရှိပါကြောင်း၊ ၎င်းအခက်အခဲ များအပေါ် ညှိနှိုင်းပေါင်းစပ်ကြိုးပမ်းအားထုတ် ဆောင်ရွက်နေခြင်းအပေါ် အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ အတတ်နိုင်ဆုံး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဝိုင်းဝန်ကြံဆပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတက်ရောက်လာသော တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများနှင့် သမဝါယမအသင်း စုချုပ်များမှလည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပေါင်းစပ်စုစည်းညှိနှိုင်းကာ ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြသည်။
(သမဝါယမဦးစီးဌာန)


