မန္တလေး ၄  စက်တင်ဘာ 

 

ကိုဗစ်ကာလအတွင်း ယာယီပိတ်ထားသော ရတနာပုံ တိရစ္ဆာန်ဉယျာဉ် အပန်းဖြေစခန်းအား  ပြန်လည်ဖွင့်လှစ်ခွင့် ရရှိစေရန် တင်ပြထားရှိမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာသို့ မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးကြည်၊ မန္တလေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစန္ဒာလွင်၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြို့ဆောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊  မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ရွှေ၊  မြို့နယ်မီးသတ်ဦးစီမှူး ဦးမြင့်ခိုင်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်ဝမ်းလေး၊ ဥပုသ်တော် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်တို့ကပူးပေါင်း၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂လမ်း၊ လမ်း ၇၀နှင့် ၇၃လမ်း ကြားရှိ ရတနာပုံ တိရစ္ဆာန်ဉယျာဉ် အပန်းဖြေစခန်းကို ကွင်းဆင်းစစ်ဆေး ကြခြင်းဖြစ်သည်။

 

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိမရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ တိရစ္ဆာန်ဉယျာဉ် အုပ်ချူပ်ရေးမှုး ဦးအောင်သိန်းမင်းမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက် ထားရှိမှုများအား လိုက်လံရှင်းလင်းပြသကာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

 

ဇော်လင်းဦး (အောင်စံ)