ဖလမ်း   ၄   စက်တင်ဘာ

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။
 

ဖလမ်းခရိုင်တွင် မြို့နယ်(၃)ခု ပါဝင်ကာ ဖလမ်းမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် (၁၈)ကျောင်း၊ တီးတိန်မြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် (၁၉)ကျောင်း၊ တွန်းဇံမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် (၉)ကျောင်း စုစုပေါင်း (၄၆)ကျောင်းရှိသည်။ ဖလမ်းခရိုင်အတွင်းရှိ ကျောင်းသားဦးရေ (၂၁၅၃)ဦးကို အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်းလက်မှတ် ထုတ်ပေးမည်ဖြစ်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသားများကို အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးခြင်းအားဖြင့် လူငယ်လူရွယ်များအတွက် မိမိတို့သင်ယူလိုသည့် ပညာရပ်များ၊ သင်တန်းများကို ဆက်လက်တက်ရောက် သင်ကြားနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

#MRTV