လှိုင်းဘွဲ  ၅  စက်တင်ဘာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က အာရောဂျဒါနဆေးရုံ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား အာဟာရဖွံ့ဖြိုး တိုးတက်လာစေရန်  ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း မိခင်နှင့်ကလေးများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) ထောက်ပံ့ငွေများကို ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းရှိနေသော အိမ်ထောင်စုများအတွက် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြိုင်ကြီးငူအထူးဒေသအတွင်း တတိယအကြိမ်နှင့် စတုတ္ထအကြိမ် (MCCT) အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် (၅၃၄) ဦး၊ ကလေး(၁၂၃၉) ဦးအတွက် ထောက်ပံ့ငွေကျပ် (၇၉၇၈၅၀၀၀)ကျပ် ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)