ချီဖွေ ၅ စက်တင်ဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ လမ်းဘေးစျေးဆိုင်များ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ ပူးပေါင်းအဖွဲ့ဖြင့်   အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီရေးနှင့် တုံပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ ချီဖွေမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း  ရောင်းချနေသည့် ကုန်စုံဆိုင်၊ စတိုးဆိုင်များ၊ လမ်းဘေးစျေးဆိုင်များတွင် လက်ဆေးဘေစင်များ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ၊ အဖုံးပါသော အမှိုက်ပုံးများ ထားရှိခြင်း ရှိ/မရှိ၊ ဖြစ်နိုင်ပါက ဈေးဆိုင်များတွင်  အယ်ကိုဟောလ် အနည်းဆုံး (၆၀)ရာခိုင်နှုန်း လက်သန့်ဆေးရည်နှင့် ထစ်ရှူးတို့ကို ထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

 

ထိုပြင် ဈေးရောင်းချသူများအနေဖြင့် ရောင်းချရာတွင် ကိုယ်တိုင် ဖျားနာ၊ ချောင်းဆိုး/နှာချေ နေပါက အိမ်တွင်သာ အနားယူရန်၊ စျေးရောင်းချသူများ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) လုံးဝ(လုံးဝ) ဝတ်ဆင်ရမည် ဖြစ်ကြောင်း၊ ငွေလက်ခံကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနှင့် ရေကို အသုံးပြု၍ စက္ကန့် (၂၀)ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောရန်(သို့မဟုတ်) အယ်ကိုဟောလ်(၆၀) ရာခိုင်နှုန်း ပါဝင်သော လက်သန့်ဆေရည်ကို အသုံးပြုရန်၊ လက်မဆေးရသေးဘဲ မိမိ၏ နှာခေါင်း၊ ပါးစပ်နှင့် မျက်လုံးတို့ကို ကိုင်တွယ်ခြင်းမှ လုံးဝ(လုံးဝ) ရှောင်ကြည်ရန်၊ လူအများ ထိတွေ့လေ့ရှိသော နေရာများ (ဥပမာ- ငွေရှင်းကောင်တာ စားပွဲ၊ တံခါးလက်ကိုင်၊ စျေးဝယ်ခြင်းတောင်းလက်ကိုင်၊ လက်တွန်းလှည်း လက်ကိုင်) စသည့်တို့ကို အယ်ကိုဟောလ်(၇၀) ရာခိုင်နှုန်းပါသော ပိုးသန့်စင်ရည်ဖြင့် မကြာခဏ သန့်ရှင်းရေး ပြုလုပ်ရန်နှင့် ကြမ်းပြင်ရှိပါက ဆပ်ပြာရည်ကို အသုံးပြု၍ ဦးစွာကြမ်းတိုက်ပြီး ၁၀ မိနစ်မှ မိနစ် ၃၀ အတွင်း ​ရေစိုဝတ်ဖြင့် ပြန်လည်ပွတ်တိုက်ပါရန်စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီနှင့် ပူးပေါင်းအဖွဲ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇင်မာဝင်း(ပြန်/ဆက်)