မုဒုံ  ၅ စက်တင်ဘာ   

 

မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာတွင် ယနေ့နံနက် ၃ နာရီခွဲက ရေနွေးအိုးတည်ရာမှ တစ်ဆင့် နံဘေးရှိ ဝါးထရံအား မီးကူးစက်လောင်ကျွမ်းပြီး နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 

မီးလောင်မှုကြောင့် ဦးမောင်ထော်ကျော် (၄၀)နှစ်၏ ဓနိမိုး ဝါးထရံကာ ပျဉ်ခင်း(၁)ထပ်နေအိမ် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၀ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူအား မုဒုံမြို့နယ် ကမာဝက်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)