မန့်ဟီးရိုး  ၅ စက်တင်ဘာ

 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူများကို ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ယမန်နေ့ နံနက် ၉ နာရီက မသန်စွမ်းသူများထံ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။  

 

အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၊ ဉာဏ်ရည်ဉာဏ်သွေး မပြည့်ဝသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မန့်ဟီးရိုးမြို့အတွင်း ရပ်ကွက်နှင့် ကျေးရွာများအတွင်း  မသန်စွမ်းသူ (၁၆)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၄၈၀၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စန္ဒာ(ပြန်/ဆက်)