စလင်း ၅  စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အပိုင် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူသွားကားလမ်းမပေါ်ရှိ စလင်းချောင်းကူးတတံတား နွယ်တမယ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ  ၅ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၂၀  အချိန်က ဖွင့်လှစ်ခဲ့သည်။

 

ထိုနွယ်တမယ်တံတားမှာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ မင်းဘူး - စလင်း- တညောင်-ဆိပ်ဖြူလမ်းရှိ စလင်းချောင်းပေါ်တွင် တည်ရှိပြီး တံတားအရှည်မှာ (၁၂၄၀)ပေရှိသည်။ ခွင့်ပြုအလေးချိန် တန် ၆၀ ရှိပြီး (၁.၁၂.၂၀၁၈) ရက် နေ့မှစတင်ကာ စီမံကိန်း ခန့်မှန်းတန်ဖိုး (၄၆၈၆ ဒသမ ၀၀) သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ မင်းဘူးခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မင်းဘူးခရိုင်ဒုတိယရဲမှူးကြီး စိုးမင်းသန့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၂)၊ တံတားအထူးအဖွဲ့(၅)၊ နွယ်တမယ်တံတား တည်ဆောက်ရေး စီမံကိန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ညို၊ စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်၊ စလင်းမြို့နယ် ရဲစခန်းမှူး ရဲမှူး ဝင်းသန်း၊ စလင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်၊ မြို့နယ်ဆောက်လုပ်ရေး ဦးစီးအရာရှိ ဦးရန်မျိုးအောင်နှင့် ဆင်ဖြူကျွန်းမြို့အုပ် ဦးဝေဖြိုးထွန်းတို့က မြို့နယ်သံဃာ့ နာယက ဆရာတော်ဦးကုမာရနှင့် သံဃာတော်များအား အရုဏ်ဆွမ်းဆပ်ကပ် လှူဒါန်းပြီး နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ဝန်ကြီးချုပ်နှင့် အဖွဲ့မှလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး အမွှေးနံ့သာများ ဖျန်းပက်ပြီး တံတားအား ဖွင့်လှစ် ပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)