ပေါင် ၅ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး Stay At Home အစီအစဉ်တွင် အကျုံးဝင်သည့် လှိုင်မြို့နယ်မှ ပေါင်မြို့နယ်သို့ ပြန်လည်ရောက်ရှိသူ ၁၄ ဦးအား မော်လမြိုင်မြို့ ဆယ်မြို့နယ်ဆောင် CBFQ စခန်းသို့ စက်တင်ဘာ ၄ ရက် ညနေပိုင်းက လူမှုကူညီရေးအသင်းများမှ ပို့ဆောင်ပေးခဲ့ကြသည်။
“ရန်ကုန်တိုင်းဒေသကြီးထဲက လှိုင်မြို့နယ်မှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံတွေပါ၊ ဟိုမှာ သူတို့လုပ်တဲ့ မြို့နယ်မှာ Stay At Home ဖြစ်သွားတဲ့ အခါကျတော့ ကိုယ့်ဒေသဖြစ်တဲ့ ဥတ္တံတားကျေးရွာကို ကိုယ့်အစီအစဉ်နဲ့ ပြန်လာကြတာပေါ့၊ သူတို့ရောက်ရောက်ချင်းပဲ ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ကျေးရွာက CBFQ စခန်းမှာ နေနေပါတယ်။ ၄ ရက်နေ့ ညနေပိုင်းလောက်မှာဘဲ သူတို့ကို ကန့်သတ်ထားရှိမယ့်နေရာကို ပို့ပေးပြီး ပထမအကြိမ် ဓါတ်ခွဲနမူနာကို ယူထားတယ်ပေါ့။” ဟု ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောသည်။
အဆိုပါပြန်လာသူ ၁၄ ဦးမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၁ ဦးဖြစ်ပြီး စက်တင်ဘာ ၂ ရက်နေ့ နှင့် ၃ ရက်နေ့တွင် မိမိအစီအစဉ်ဖြင့် ဥတ္တံတားကျေးရွာကို ကားငှားပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။
ဝင်းမင်းသန်း(ပြန်/ဆက်)
ဓါတ်ပုံ - စိတ္တသုခ လူမှုကူညီရေးအသင်း