မောင်တော ၅ စက်တင်ဘာ
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်သူ့ဆေးရုံတွင် တက်ရောက် ဆေးကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့ လူနာများ ဖျော်ဖြေရေးအတွက် ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ဆေးရုံ တွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့သို့ လှူဒါန်းရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ပူးပေါင်းလှူဒါန်းသော ၃၂ လက်မ TV (၂) လုံး နှင့် PSI စလောင်းစက် (၂) စုံတို့အား ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)