ကျောက်တံခါး ၅  စက်တင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက် (၅) လမ်း၌ စက်တင်ဘာ ၅ရက် နံနက် ၁၀ နာရီခွဲက မီးဘေးသင့် အိမ်ထောင်စု (၂) စုအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းမျာ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပဲနွယ်ကုန်းမြို့ သံမဏိရပ်ကွက် (၅) လမ်းတွင်နေထိုင်သော ဦးကျော်ကျော်၏ နေအိမ်တွင် စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲက မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းခဲ့၍ နေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မင်းထက်နှင့် ဝန်ထမ်းများက မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ နှင့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦး အတွက် ဆန်ရိက္ခာဖိုး ထောက်ပံငွေကျပ်  ၁၄၇၀၀ စုစုပေါင်း ၃၁၄၇၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုးအား ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ကြီးကြပ်ထောက်ပံ့မှုဖြင့် ကျောက်တံခါး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆန်းလွင်အောင်နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက မီးဘေးသင့်အိမ်ထောင်စု (၂) စုအား Family Kit၊ စောင်၊ ခြင်ထောင်၊ အိုးခွက်၊ ပန်းကန်၊ တာလပတ်ကြိုး၊ ကျားဝတ်၊ မဝတ်၊ ကလေးဝတ်ကျောင်းစိမ်း ဝတ်စုံ၊ ပုံးနီကြီးတစ်လုံး၊ ပေါက်တူး၊ ဂေါ် ၊လက်သမားသုံး ပစ္စည်းမျိုးစုံ တစ်အိတ်နှင့် Dignity Kit အမျိုးသမီးသုံး ပစ္စည်းပါကင်တစ်အိတ်တို့အား အိမ်ထောင်စု (၂) စုမှ မိသားစုဝင်များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)