နေပြည်တော် ၅ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာရှိ ဈေးဆိုင်တန်းနေ မသဇင်အောင် (၁၉) နှစ်သည် စက်တင်ဘာလ ၄ ရက် ညနေ ၅ နာရီ မိနစ် ၂၀ က ဂက်(စ်) မီးဖိုဖြင့် ထမင်းချက်ရာမှ မီးစတင်လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုကြောင့် ၁၅ x ၉ ပေခန့် သွပ်မိုး/ပျဉ်ခင်း/ထရံကာ ဈေးဆိုင်ခန်း ၁၀ ခန်း မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)


