တောင်ကြီး ၅ စက်တင်ဘာ
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဉီးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၄ နာရီတွင် တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် အမျိုးသမီးအဆောင်၌ Coronavirus Disease2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးအတွက် ဖွင့်လှစ်ထားသည့် Quarantine Center များတွင် လိုအပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးသုံးကစ္စည်းများဖြစ်သည့် Mask အခု (၁၀၀၀)၊ Apron (၄၀)၊ လက်အိတ်အစုံ (၁၀၀)၊ Handgel ဘူး(၂၀)၊ ငွေကျပ် (၅၀၀၀၀) တန်ဖိုးရှိခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်နှင့် ငွေကျပ်(၅)သိန်းတို့ကို သွားရောက် ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တောင်ကြီးမြို့နယ်၊ တောင်လေးလုံး ကျေးရွာတွင်ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးစစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး စစ်ဆေးရေးဂိတ်တွင် အသုံးပြုနိုင်ရန်အတွက် mask အခု (၅၀၀၀)၊ လက်အိတ် (၁၀)ဘူး၊ Face Shield အခု (၂၀)၊ Cap(၅၀၀)၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet(၂)ခု၊ တဲ(၂)ခု၊ ခေါက် ကုတင်(၁၀) ခု၊ ငွေကျပ်(၅၀၀၀၀) တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ကြက်ဥ၊ ရေသန့်၊ ငွေကျပ် (၁၀)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်လေးလုံး အမာခံစစ်ဆေးရေးဂိတ် တည်ဆောက်မည့်နေရာအားကြည့်ရှုရာ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ဖွင့်လှစ်ထားသော မြို့ဝင်၊ မြို့ထွက် ဂိတ်များအတွက် ကလောမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တို့ကို ငွေကျပ်(၁၀)သိန်းစီနှင့် ငွေကျပ် (၅၀၀၀၀)တန်ဖိုးရှိ ခေါက်ဆွဲခြောက်၊ ရေသန့်၊ ကြက်ဥ၊ mask အခု (၅၀၀၀)၊ လက်အိတ် (၁၀)ဘူး၊ Face Shield အခု (၂၀)၊ Cap (၅၀၀)၊ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံး၊ အိပ်ရာခင်း (၁၀)စုံ၊ mobile Toilet (၂)ခု၊ တဲ(၂)ခု၊ ခေါက်ခုတင်(၁၀)ခု တို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူး တို့မှ ထောက်ပံ့ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူ ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


