ရွှေဘို ၆ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွှေဘိုမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ  ဦးသောင်းဟိန်းနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ မင်းပေး၊ ညောင်ပင်သာ၊ ဆင်အင်း စသည့် ကျေးရွာများတွင် မိုးစပါများ ပျိုးထောင်စိုက်ပျိုးထားရှိမှု အခြေအနေ‌နှင့် မင်းပေးကျေးရွာ ဒေသခံတောင်သူများအတွက် အချိန်မီစိုက်ပျိုးရေ ဖူလုံစွာရရှိစေရေးကို အလေးထား၍ လျှပ်စစ်မူးရေတင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့သို့ ဆက်သွယ်ဖောက်လုပ်ထားသော ကတ္တရာလမ်း အဆင့်မြှင်တင်ချဲ့ထွင်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီအမြန်ပြီးစီးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)