စေတုတ္တရာ ၆ စက်တင်ဘာ     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် (ဒုတိယအကြိမ်) ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်နှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီးနောက်  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံက မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ  ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းအား စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြပြီး မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။        

 

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ပျိုးသည့် တောင်သူ(၃၀)ဦးနှင့် မျိုးစေ့ထုတ်သမဝါယမအသင်းအား မျိုးစေ့ထုတ်စိုက်ဧက (၆၇)ဧကအတွက် စိုက်ပျိုးထုတ်လုပ်မှု စရိတ်အနေဖြင့် ငွေကျပ် ၅၆၄၄၅၀၀ အား ဒုတိယအကြိမ်  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် စေတုတ္တရာမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက် ဧက(၁၀၀)အတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် စုစုပေါင်း ငွေကျပ် ၁၄၉၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြစံ ထံမှ သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)