နေပြည်တော် ၆ စက်တင်ဘာ

 

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီမှ စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီအထိ ယာဉ်စည်းကမ်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ယင်းသို့ဆောင်ရွက်ခဲ့ရာတွင်  ရန်ကုန်-မန္တလေး အမြန်လမ်း လှည်းကူးမြို့နယ်၊ အမှတ် (၃)လမ်းဆုံတိုးဂိတ်၌ သတ်မှတ် မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၇ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၈ စီး၊ စုစုပေါင်း ၂၇ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား