လက်ပံတန်း ၆ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ CERP ပါ Action Plan အရ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက သာရဝေါကျေးရွာရှိ ငါးမွေးတောင်သူ (၄၆) ဦး၏ ငါးမွေးကန်ဧက (၆၄၉ ဒသမ ၄၉) ဧကအတွက် ငါးသားပေါက်ကောင်ရေ (၄)လက်မအရွယ် (၁၇၄၄၈၅) ကောင်နှင့် (၅)လက်မကောင်ရေ (၇၂၃၂၇)ကောင်ရေ၊ စုစုပေါင်းကောင်ရေ (၂၄၆၈၁၂)ကောင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
MDN


