နေပြည်တော် ၆ စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ စက်တင်ဘာ ၄ ရက်က စကားများရန်ဖြစ်စဉ် အက်စစ်ပုလင်းဖြင့် ရိုက်နှက်၍ အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဒလမြို့နယ်၊ ကမာကဆစ် ရပ်ကွက်နေ ငြိမ်းချမ်းအောင် (၃၅) နှစ်နှင့် တစ်အိမ်တည်းနေ ကျော်ထက်ဦး (၂၃) နှစ်တို့ နှစ်ဦးသည် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက အရက်သေစာ အတူသောက်စားရာမှ စကားများရန်ဖြစ်ပြီး ငြိမ်းချမ်းအောင်က ကျော်ထက်ဦးအား အက်စစ်ပုလင်းဖြင့် ရိုက်ခဲ့ရာ ပုလင်းကွဲပြီး ကျော်ထက်ဦးတွင် ခန္ဓာကိုယ်အနှံ့ အပူလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးပါရန် တိုင်တန်းချက်အရ ငြိမ်းချမ်းအောင်အား ဒလမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား