ညောင်ဦး ၇ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် ပုဂံညောင်ဦး စက်ဘီးစီးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ညောင်ဦးမြို့ နေရာသုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask Campaingn ပြုလုပ်ဝေငှပေးခဲ့ကြောင်း စက်ဘီးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နွယ်စိုးထံက သိရသည်။

 

နှာခေါင်းစည်း Mask Campaingn ပြုလုပ်ရာတွင် ညောင်ဦးမြို့ မဏိစည်သူဈေးကြီး ရှေ့တွင်လည်းကောင်း၊ ညောင်ဦးမြို့ သံတဲဟိုတယ်ရှေ့ လမ်းဆုံနေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့အဝင် (ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ) မုခ်ဦးမှလည်းကောင်း နှာခေါင်းစည်း  Mask ၅၀၀၀ အား လမ်းသွားလမ်းလာနှင့် မော်တော်ကားများပေါ်သို့ ဝေငှပေးခြင်း၊ သုံးဘီးဆိုင်ကယ်သမားများနှင့် စီးလာသူများ၊ မော်တော်ဆိုင်ကယ်သမားများအား ဝေငှပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာပြီး ယဉ်ကျေးမှုတစ်ရပ်အသွင်မျိုး စနစ်တကျတပ်ဆင်သွားလာကြစေရန် ရည်ရွယ်ပြီး နှာခေါင်းစည်း Mask Campaing ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)