ညောင်ရွှေ ၇ စက်တင်ဘာ

 

ရှမ်းပြည်နယ်၊ အင်းလေးကန်အတွင်း မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားသော မတော်တဆဖြစ်ပွားသော ဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိ ရေလယ်ဗိုလ်တဲ အနီးဝန်းကျင်၌ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ လေ့ကျင့်ရေးဆောင်ရွက်မှုအား တောင်ကြီးခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ ဦးဆောင်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၁၄)ဦး၊ ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းနှင့် တပ်ဖွဲ့ဝင်(၁၄)ဦး စုစုပေါင်းအင်အား (၃၀)ဦးတို့ဖြင့် မီးသတ်ရေယာဉ်(၂)စီး၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၁)စီး၊ ဒေသသုံးစက်လှေ(၁)စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

 

စိုင်းအယ်ဘဲ(ပြန်/ဆက်)